နာ​ဟုံ 2:6-12 BJB

6 မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက်၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။

7 အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။

8 ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။

9 ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။

10 မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ်ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက်ရှိကြ၏။

11 ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျို စားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း။

12 ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့်စေတတ်၏။