နေ​ဟ​မိ 11:5-11 BJB

5 ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ၊

6 ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း။

7 ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊

8 သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။

9 ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ်ဖြစ်၏။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ၏။

10 ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊

11 အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာယ အစရှိသော၊