1 အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။
2 အထက်ကတခါမျှ ရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
3 ငါသည်အလွန်ကြောက်၍၊ ရှင်ဘုရင် အသက်တော်အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေးသင်္ချၖိုင်း ရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာမညှိုးငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊
4 ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေးသင်္ချၖိုင်းရှိရာမြို့ကို ကျွန်တော် ပြုစုရမည်အကြောင်း၊