နေ​ဟ​မိ 4:7-13 BJB

7 ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသောအခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊

8 ယေရုရှလင်မြို့ကို စစ်ချီ၍တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။

9 သို့ရာတွင် ငါတို့သည် ငါတို့၏ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့်ထားကြ၏။

10 ယုဒလူအချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီးအောင် မတတ်နိုင်ကြဟု ဆိုကြ၏။

11 ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။

12 သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကိုတိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။

13 ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်းလင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသောလူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။