နေ​ဟ​မိ 7:68-73 BJB

68 မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်းနှစ်ရာ လေးဆယ်ငါးစီး၊

69 ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်းပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။

70 အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကိုဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ်အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ၏။

71 အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင်တည်း။

72 ကြွင်းသောသူတို့သည်လည်း ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။

73 ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့ နေရာ မြို့ရွာတို့၌ နေရာကျကြ၏။