နေ​ဟ​မိ 7:7-13 BJB

7 ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊

8 ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက်၊

9 ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊

10 အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ်ယောက်၊

11 ပါဟတ်မောဘအမျိုး၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက်၊

12 ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေးယောက်၊

13 ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက်၊