နေ​ဟ​မိ 9:1-4 BJB

1 ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ဣသရေလအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကို တင်လျက် စည်းဝေးကြ၏။

2 ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သောသူတို့သည် တပါးအမျိုးသားရှိသမျှတို့နှင့် ကွာ၍၊ ကိုယ်အပြစ်နှင့် ဘိုးဘေးတို့၏ အပြစ်များကို ဘော်ပြတောင်းပန်ကြ၏။

3 မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစုဘတ်ကြ၏။ အပြစ်ကို ဘော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ၏။

4 ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင်ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။