မာ​လ​ခိ 1:1-6 BJB

1 ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော၊

2 ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကို ငါချစ်၏။

3 ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။

4 ဧဒုံအမျိုးသားတို့က၊ ငါတို့သည် ပျက်စီးသော် လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည်။

5 ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရ ဘုရားသည် ဣသရေလပြည်၏ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။

6 သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင်တို့မေးရာတွင်၊