မိက္ခာ 2:1-7 BJB

1 ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။

2 သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။

3 သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်းမလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တဘက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။

4 ထိုကာလတွင် သင်တို့ တဘက်၌ ပုံစကားကို သုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသား ခံစားရသော အဘို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန်တော်မူပြီ။

5 ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။

6 ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။

7 ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။