မိက္ခာ 7:15-20 BJB

15 သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင်သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သောအမှုတို့ကို ငါပြမည်။

16 လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။

17 မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။

18 အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။

19 ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။

20 ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံအား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။