မြည်​တမ်း​စ​ကား 3:58-64 BJB

58 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။

59 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။

60 သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။

61 အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်းနှင့် မကောင်းသောအကြံရှိသမျှကို၎င်း၊

62 အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင်ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။

63 သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။

64 အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။