4 ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်း ဖြစ်၍၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ၏။
5 ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။
6 သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
7 နောက်တဖန် သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံ ချလျှင် ယောန၌ စာရေးတံကျ၏။
8 တဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှု ကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော်၊
9 ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု ဆိုလျှင်၊
10 ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ၏။