ယေ​ဇ​ကျေ​လ 10:1-6 BJB

1 တဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက်၌နီလာကျော်ကဲ့သို့၊ ရာဇပလ္လင်၏ သဏ္ဌာန်အရောင်သည် ထင်ရှား၏။

2 ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌သွား၏။

3 ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ျာဘက်မှာရပ်၍၊ အတွင်းတန်တိုင်းသည် မိုဃ်းတိမ်နှင့်ပြည့်၏။

4 ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ်အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့်၏။တန်တိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့်ပြည့်၏။

5 အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြားရ၏။

6 ပိတ်အဝတ်ကိုဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။