ယေ​ဇ​ကျေ​လ 10:5-11 BJB

5 အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြားရ၏။

6 ပိတ်အဝတ်ကိုဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။

7 ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်း ခံယူ၍ထွက်သွား၏။

8 ခေရုဗိမ်အတောင်အောက်၌ လူလတ်ကိုလည်း ငါမြင်၏။

9 ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်း အရောင်ရှိ၏။

10 ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ၍၊ ဘီးတခုထဲ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ၏။

11 သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက်၍ မလှည့်ဘဲ သွားကြ၏။