ယေ​ဇ​ကျေ​လ 20:14-20 BJB

14 သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင်သောတပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။

15 တဖန်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့် ပျားရည်စီးသောပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။

16 အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။

17 သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှါ မပြု။

18 သားမြေးတို့အားလည်း၊ သင်တို့၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။

19 ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။

20 ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု၊ သင်တို့သည်သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။