ယေ​ဇ​ကျေ​လ 20:5-11 BJB

5 အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး ငါရွေးကောက်၍၊ အဲဂုတ္တုပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုးသားတို့အား ကျိန်ဆိုသည်ကာလ၊

6 သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊

7 သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဘွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊

8 သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးသီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုကို၎င်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ၏။

9 သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ၏။

10 အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ တောသို့ ရောက်သောအခါ၊

11 ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ၏။