ယေ​ဇ​ကျေ​လ 22:1-7 BJB

1 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2 အချင်းလူသား၊ လူအသက်ကို သတ်တတ်သောမြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့။

3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊

4 သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်းရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။

5 အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။

6 ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။

7 သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသော သူနှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။