ယေ​ဇ​ကျေ​လ 23:4-10 BJB

4 အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗအမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဘွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ၍ ၎င်းဆိုလိုသတည်း။

5 အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။

6 မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။

7 ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသောမေထုန်ကိုပြု၏။ တပ်မက်သော သူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။

8 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။

9 ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါအပ်၍၊

10 သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမတကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။