ယေ​ဇ​ကျေ​လ 26:3-9 BJB

3 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တဘက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင်ကိုတက်၍ တိုက်စေမည်။

4 သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည်။ မြေမှုန့်ကို ငါခြစ်ခွာ၍ ရှင်းလင်းသောကျောက် ကဲ့သို့ ဖြစ်စေမည်။

5 ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာ အရပ်ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ လူမျိုးလုယူရာဖြစ်ရလိမ့်မည်။

6 လယ်ပြင်၌ရှိသော သမီးတို့သည် ထားဖြင့် သေ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

7 တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းထားရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့မည်။

8 သူသည်လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည်။ သင့်တလက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။

9 သင်၏မြို့ရိုးတဘက်တချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။