ယေ​ဇ​ကျေ​လ 28:23-26 BJB

23 သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။

24 ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သောဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

25 တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူအမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။

26 ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသောသူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။