ယေ​ဇ​ကျေ​လ 29:1-4 BJB

1 သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊

3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက်၌ ငါနေ၏။

4 သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သောငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ်များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။