ယေ​ဇ​ကျေ​လ 3:1-6 BJB

1 တဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသားတို့ရှိရာသို့ သွား၍ဟော ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

2 ငါသည်ပစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူ လျက်၊

3 အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည် စား၍ပစပ်၌ပျားရည်ကဲ့သို့ ချို၏။

4 တဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။

5 သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။

6 သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။