ယေ​ဇ​ကျေ​လ 3:21-27 BJB

21 သို့မဟုတ်၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း၊ သည်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည်။ သင်သည်လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ၏။

22 တဖန် ထာဝရဘုရား၏လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည်အတိုင်း၊

23 ငါသည် ထ၍လွင်ပြင်သို့သွား၏။ ရောက်သောအခါ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော ထာဝရဘုရား၏ ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။

24 ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။

25 အချင်းလူသား၊ သင်သည်ကြိုးနှင့်ချည်နှောင် ခြင်းကို ခံ၍ သူတို့တွင် မထွက်ရ။

26 သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ၊ စကားအလျက်သင့် လျှာကိုအာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။

27 သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူ၏ ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသသည် နားမထောင်ဘဲနေစေ။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ၏။