1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 အချင်းလူသား၊ သင်သည် ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ်ကြလော့။
3 ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။
4 ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။
5 အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ထားဖြင့် လဲ၍သေကြလိမ့်မည်။