ယေ​ဇ​ကျေ​လ 30:1-7 BJB

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

2 အချင်းလူသား၊ သင်သည် ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ်ကြလော့။

3 ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။

4 ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။

5 အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ထားဖြင့် လဲ၍သေကြလိမ့်မည်။

6 အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

7 ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသောမြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြလိမ့်မည်။