ယေ​ဇ​ကျေ​လ 30:17-23 BJB

17 အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။

18 တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန်၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။

19 ထိုသို့အဲဂုတ္တုပြည်၌ ငါသည် အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

20 သက္ကရာဇ်တဆယ်တခု၊ ပဌမလ ခုနစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

21 အချင်းလူသား၊ အဲဂုတ္တုအရှင်ဘုရင် ဖာရောမင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေကု၍မထုပ်ရ။ ထားကိုင်စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ။

22 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက်၌ နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ထားကို သူ့လက်မှ ကျစေမည်။

23 အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြားပြန့်လွင့်စေမည်။