ယေ​ဇ​ကျေ​လ 31:1-5 BJB

1 သက္ကရာဇ် တဆယ်တခု၊ တတိယလတရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည်မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။

3 အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသောအကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။

4 မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲသောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တောပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။

5 ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသောကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။