ယေ​ဇ​ကျေ​လ 32:1-4 BJB

1 သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2 အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏။ အိုင်၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။

3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့်မည်။

4 ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။