ယေ​ဇ​ကျေ​လ 36:1-7 BJB

1 တဖန်အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလ တောင်တို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။

2 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊

3 ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊

4 အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်းတို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသောမြို့တို့အား မိန့်တော်မူသည်ကား၊

5 အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထားခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသောတပါးအမျိုးသားတို့ တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။

6 သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းကို ခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။

7 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။