ယေ​ဇ​ကျေ​လ 36:11-17 BJB

11 သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

12 သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။

13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါးဆိုသောကြောင့်၊

14 နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

15 နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

16 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

17 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။