ယေ​ဇ​ကျေ​လ 37:5-11 BJB

5 ဤသွေ့ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။

6 သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊

7 မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ၏။

8 ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။

9 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ်လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊

10 မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။

11 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။