ယေ​ဇ​ကျေ​လ 39:17-23 BJB

17 အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်းတို့အား၊ ဆင့်ဆိုရမည်မှာ၊ စည်ဝေး၍လာကြလော့။ ဣသရေလတောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သောယဇ်ပွဲကြီးသို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့။

18 သင်တို့သည် အားကြီးသောသူတို့၏ အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေး သော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသားအသွေးကို သောက်စားရကြလိမ့်မည်။

19 သင်တို့အဘို့ ငါစီရင်သောယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။

20 ထိုသို့စားပွဲ၌မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီးသောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

21 ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီဂရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။

22 ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ၍ သိရကြလိမ့်မည်။

23 ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသောကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့ အပ်သဖြင့်၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ၍ သေရကြပြီ။