ယေ​ဇ​ကျေ​လ 4:4-10 BJB

4 ထိုမှတပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။

5 အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။

6 ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကို ငါထားပြီ။

7 သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက်၌ ပရောဖက်ပြုရမည်။

8 ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှုကို ပြုရသောကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။

9 ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။

10 ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။