ယေ​ဇ​ကျေ​လ 40:25-31 BJB

25 အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။

26 လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။

27 တောင်မျက်နှာ၌ အတွင်းတန်တိုင်တံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း၍ အတောင်တရာကွား၏။

28 တဖန်အတွင်းတန်တိုင်းထဲသို့တောင်တံခါးဖြင့် သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ၏။

29 အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည်၌၎င်း၊ မုတ်များ၌၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။

30 ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။

31 မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။