ယေ​ဇ​ကျေ​လ 40:46-49 BJB

46 မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။

47 ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။

48 အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံသုံးတောင်စီရှိ၏။

49 အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦးအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။