ယေ​ဇ​ကျေ​လ 40:6-12 BJB

6 ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။

7 အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါးတောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။

8 အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။

9 တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင်ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။

10 အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။

11 တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။

12 အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်းပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ၏။