ယေ​ဇ​ကျေ​လ 41:4-10 BJB

4 ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီတည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။

5 ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထု ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့သည် အနံလေးတောင်စီရှိ၏။

6 ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီရှိကြ၏။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ၏။

7 ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့်သို့၎င်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့၎င်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တရှောက်လုံး ဆက်ကာဆက်ကာဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့်တက်၏။

8 အိမ်တော်အထက်ပိုင်း ပတ်လည်၌ အမြင့်ဆုံးသော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ၏။

9 ထရံအခန်းပြင်ဘက်၌ကာသောထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။

10 အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။