ယေ​ဇ​ကျေ​လ 42:6-12 BJB

6 အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။

7 ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်းဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။

8 ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။

9 ပြင်တန်တိုင်းမှလာ၍၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။

10 အိမ်တော်တောင်ဘက်၊ လွတ်လပ်သော အရပ်ကို ကာသောတန်တိုင်းနံရံ၌လည်း အခန်းများရှိကြ၏။

11 ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်း အလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။

12 တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ်၍၊ တန်တိုင်းတဘက်တချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတတံခါးဝရှိ၏။