ယေ​ဇ​ကျေ​လ 45:1-6 BJB

1 သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အနံ တသောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။

2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည်။ ထိုအကွက် ပတ်လည်၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည်။

3 ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။

4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်းရာ ဌာနတည်စရာတို့ သန့်ရှင်းသောမြေဖြစ်ရမည်။

5 အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည်။

6 မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက်၌ အလျားတသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ဖြစ်ရမည်။