ယေ​ဇ​ကျေ​လ 45:3-9 BJB

3 ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။

4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်းရာ ဌာနတည်စရာတို့ သန့်ရှင်းသောမြေဖြစ်ရမည်။

5 အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည်။

6 မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက်၌ အလျားတသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ဖြစ်ရမည်။

7 သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ်အနောက်ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည်။

8 ငါ၏မင်းသားတို့သည် နောက်တဖန် ငါ၏လူတို့ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင်သော မြေဖြစ်ရမည်။ ကြွင်းသောမြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။

9 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှုဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။