ယေ​ဇ​ကျေ​လ 45:9-15 BJB

9 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှုဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

10 မှန်သောချိန်ခွင်၊ မှန်သောဧဖါ၊ မှန်သော ဗတ်တို့ကို သုံးရကြမည်။

11 ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစုရှိရမည်။

12 ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။

13 ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲကို ပူဇော်ရမည်။

14 ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရတွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။

15 သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စားရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။