ယေ​ဇ​ကျေ​လ 47:1-5 BJB

1 ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင်တော် တောင်ဘက်မှ စီးသွားလေ၏။

2 တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။

3 ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။

4 တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။

5 တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။