ယေ​ဇ​ကျေ​လ 48:2-8 BJB

2 ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။

3 အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။

4 နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။

5 မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။

6 ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။

7 ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။

8 ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။