6 သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက်လျက်ရှိကြလိမ့်မည်။
7 သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
8 သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ်သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထားမည်။
9 ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့်သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ်သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြလိမ့်မည်။
10 ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။
11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေးတို့ဖြင့်လဲ၍ သေကြလိမ့်မည်။
12 ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်းဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။