ယေ​ရ​မိ 10:20-25 BJB

20 ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက်ကြ၏။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။

21 အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။

22 အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။

23 အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။

24 အို ထာဝရဘုရား၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင်၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။

25 ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော အမျိုးအနွယ်တို့အပေါ်သို့၎င်း အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင် ပယ်ရှားကြပါပြီ။