ယေ​ရ​မိ 13:1-7 BJB

1 တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊

2 ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။

3 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်လျှင်၊

4 သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊

5 မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။

6 ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။

7 ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။