ယေ​ရ​မိ 14:1-5 BJB

1 မိုဃ်းပြတ်သောအမှုကို ရည်မှတ်၍၊ ယေရမိသို့ ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

2 ယုဒပြည်သည် ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေ တိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ ငိုကြွေးခြင်း အသံသည် တက်လေ၏။

3 မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သောအခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ၏။

4 မိုဃ်းပြတ်၍ မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။

5 သမင်မသည် လယ်ပြင်၌ မွေးသောအခါ မြက် မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။