ယေ​ရ​မိ 26:1-4 BJB

1 ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊

2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော်တန်တိုင်း ထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။

3 သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေးမည်ဟု ကြံစည်ခြင်းကို နောင်တရမည်။

4 သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်းသို့ မလိုက်၊