ယေ​ရ​မိ 27:1-5 BJB

1 ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊

2 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။

3 ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ ပေးလိုက်လော့။

4 ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

5 ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။