ယေ​ရ​မိ 29:3-9 BJB

3 ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာသို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

4 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အား မိန့်တော်မူသည်ကား၊

5 အိမ်တို့ကိုဆောက်၍ နေရာချကြလော့။

6 ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။

7 ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။

8 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။

9 တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။